About MEC

Myanmar Earthquake Committee (MEC) was organized in 1999 under the umbrella of Myanmar Engineering Society (MES) in order to develop knowledge in area of earthquake sciences and earthquake engineering for Myanmar.
MEC is a non-profit organization and funding for research and technological related works is mainly supported by MES and donors.
Department of Meteorology and Hydrology is a focal department that MEC links to.
မြန်မာနိုင်ငံငလျင်ကော်မတီသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ အရိပ်အာဝါသအောက်မှ ပေါက်ဖွား လာသော ပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ခုဖြစ်သော်လည်း အတော်ခရီးရောက်သော အဖွဲ့ဟု ဆိုနိုင်သည်။ ၁၉၉၉ တွင် ရန်ကုန်နည်းပညာတက္ကသိုလ် (ရန်ကုန်စက်မှုတက္ကသိုလ်) ပါမောက္ခချုပ် ဦးညီလှငယ် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ လုပ်ငန်းအဖွဲ့ တစ်ခုအဖြစ် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ ယခုဥက္ကဌဖြစ်သော ဦးသန်းမြင့်က ထိုစဉ်က အဖွဲ့အတွင်းရေးမှူး ဖြစ်သည်။ စတင် ဖွဲ့စည်း စဉ်က Building Code ၏ လိုအပ်ချက်တစ်ခုဖြစ်သော ငလျင်ပြင်းအားတန်ဖိုး ကိန်းဂဏန်းတစ်ခုကို ပြူစုပေးရန် ဖြစ်သည်။ ထို့ကြောင့် အဖွဲ့၏ အစည်းအဝေးများတွင် ဘူမိဗေဒပါမောက္ခ ဒေါက်တာဦးသိန်းအား အမြဲဖိတ်ခေါ်၍ အကြံဥာဏ် ရယူခဲ့သည်။ ရန်ကုန်နည်းပညာတက္ကသိုလ် အင်ဂျင်နီယာဘူမိဗေဒဌာနကိုလည်း ပါမောက္ခချုပ် မှတဆင့် ပါဝင်စေခဲ့သည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) Department of Meteorology and Hydrology (DMH) သည် ထိုစဉ်ကတည်း ငလျင်ကော်မတီနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်သော အစိုးရဌာနဖြစ်သည်။ မိုးဇလညွှန်ချုပ်များဖြစ်ကြသော ဒေါက်တာစံလှသော်၊ ဒေါက်တာ ထွန်းလွင်၊ ဒေါက်တာသိန်းထွန်းတို့သည် ငလျင်ပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဝင်တစား အားပေးခဲ့ကြသည်။ ယခုထိလည်း မိုးဇလနှင့် ငလျင်ကော်မတီသည် ငလျင်ပညာရပ်ဆိုင်ရာ တိုးတက်ထွန်းကားရေးအတွက် ချစ်ကြည်မပျက် လက်တွဲဆောင်ရွက်နေဆဲ ဖြစ်သည်။

World Seismic Initiative (WSSI) သည် ငလျင်ကော်မတီအတွက် အရေးပါသော အဖွဲ့တစ်ခုဖြစ်ခဲ့သည်။ ၁၉၉၇တွင် WSSI ဥက္ကဌနှင့် အဖွဲ့ ရောက်ရှိလာပြီး ငလျင်ပညာရပ်ဆိုင်ရာ ပြန့်ပွားရေး၊ ငလျင်အင်ဂျင်နီယာ အတတ်ကို အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးချနိုင်ရေး၊ ငလျင်လုပ်ငန်းအဖွဲ့ ပေါ်ပေါက်ရေး အစရှိသဖြင့် အဆင့်မြင့်အစည်းအဝေးကို ရန်ကုန်မြို့ မိုးဇလရုံးချုပ်၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကို ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်လှမြင့်ဆွေ တက်ရောက်ခဲ့ပြီး မိုးဇလညွှန်ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ဘူမိဗေဒပါမောက္ခများ၊ အင်ဂျင်နီယာများတက်ရောက်ခဲ့သည်။ WSSI သည် မြန်မာနိုင်ငံတွင် ငလျင်အင်ဂျင်နီယာ လုပ်ငန်းအဖွဲ့ ပေါ်ပေါက်ရေးကို အစဉ်တစိုက် တိုက်တွန်းအားပေးခဲ့သော အဖွဲ့ဖြစ်သည်။ ဥက္ကဌများဖြစ်သော ပါမောက္ခ ရှား၊ ဆာတိုရူအိုယာ၊ ကာတာယာမား စသူတို့သည် မြန်မာနိုင်ငံသို့ မကြာခဏ လာရောက်ခဲ့ကြပြီး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ သင်တန်းမျာပို့ချခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ အိုယိုကော်ပိုရေးရှင်း၏ ဥက္ကဌဟောင်း တစ်ဦးဖြစ်သော ဆာတိုရူအိုယာသည် ရန်ကုန်မြို့၌ ငလျင်နှင့် ငလျင်အင်ဂျင်နီယာပညာရပ်ဆိုင်ရာ နိုင်ငံတကာအဆင့် ဆွေးနွးပွဲတစ်ခု ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း ၂၀၀၇ ၌ ဆုံးပါးသွားခဲ့ ရသည်။ ထို့ကြောင့် ထိုနှစ်မှာပင် ဆာတိုရူအိုယာ အထိမ်းအမှတ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငလျင်ကော်မတီက နိုင်ငံတကာ ပညာရှင်များအား ဖိတ်ခေါ်ကျင်းပခဲ့သည်။

ဒေါက်တာဦးသိန်း ၂၀၀၁ က ရေးဆွဲခဲ့သော ငလျင်ဇုန်ပြမြေပုံသည် မြန်မာငလျင်အင်ဂျင်နီယာများအတွက် အလွန်အသုံးဝင်သော မြေပုံဖြစ်သည်။ ထိုပုံသည် ၁၉၈၅ က ဆွဲထားသောပုံကို ပြင်ဆင်ထားခြင်း ဖြစ်သည်။ သို့သော် Building Code လိုအပ်ချက်သည် Probabilistic Seismic Hazard Assessment (PSHA) မြေပုံဖြစ်သည်။ ငလျင်ဖြစ်နိုင်ချေရှိသော ဇာစ်မြစ်များ၊ ထိုဇာစ်မြစ်များမှ ငလျင်ဖြစ်နိုင်ချေများ၊ ဖြစ်သောငလျင်များ၏ ပမာဏ အမျိုးမျိုးတို့မှတစ်ဆင့် သတ်မှတ်ထားသော အဆောက်အဦ၏သက်တမ်း၌ ကျရောက်နိုင်သော ပြင်းအားကို တွက်ချက်ပေးရသည့် တန်ဖိုးဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်စည်းရန် ဘူမိဗေဒပညာရပ်၊ ငလျင်ပညာရပ်၊ ငလျင်အင်ဂျင်နီယာပညာရပ် စသော နယ်ပယ်အသီးသီး၌ သင်ကြားလေ့လာမှုများ ပို၍ ဆောင်ရွက်လိုကြောင်း သိမြင်လာသောကြောင့် လုပ်ငန်းအဖွဲ့ကိုလည်း ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလိုက်သည်။ ထို PSHA မြေပုံ လေ့လာ ပြုစုဆဲ ကာလအတွင်း ဒေါက်တာ ဦးသိန်းနှင့် တင့်လွင်ဆွေတို့ ရေးဆွဲသော မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံကို ၂၀၀၅ ၌ ထုတ်ဝေခဲ့သည်။

ပါမောက္ခဦးညီလှငယ် သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီးတာဝန် တိုးမြင့်ထမ်းဆောင်ရသဖြင့် ငလျင်ကော်မတီ ဥက္ကဌတာဝန်ကို ဦးသန်းမြင့် (ထိုစဉ်က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အထွေထွေအတွင်းရေးမှူး) က ၂၀၀၃ မှ စတင် ဆောင်ရွက်ခဲ့သည်။ အတွင်းရေးမှူးသည် ဒေါက်တာခင်သန်းယု (ယခု ပါမောက္ခ၊ မြို့ပြအင်ဂျင်နီယာ ဌာန၊ ရန်ကုန် နည်းပညာတက္ကသိုလ်) ဖြစ်သည်။ ထိုနှစ်နှောင်းပိုင်းမှာပင် ပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများ ပိုမိုဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မိုးဇလ၊ ရန်ကုန်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန၊ အင်ဂျင်နီယာ ဘူမိဗေဒဌာန၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနနှင့် ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာနှင့် ဘူမိဗေဒ ပညာရှင်များ ပါဝင်သော မြန်မာနိုင်ငံ ငလျင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌအဖြစ် ဦးသန်းမြင့်က ဆောင်ရွက်ပြီး မိုးဇလ၊ ငလျင်ဌာနမှ ဒေါ်ရီရီညိမ်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာဘူမိဗေဒဌာနမှ ဦးတင့်လွင်ဆွေ၊ အင်ဂျင်နီယာ ဦးစောထွေးဇော်နှင့် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှဦးစိုးသူရထွန်း တို့အား အတွင်းရေးမှူးများအဖြစ် ပညာရပ်များအလိုက် တာဝန်ပေးထားသည်။

The Myanmar Earthquake Committee is an academic organization that came under the shadow of the Myanmar Engineers Association, but can be said to be quite a travel force. In 1999, he was formed as a leader of the Yangon Technological University (Yangon Institute of Technology) and headed the Myanmar Engineers Association. U Than Myint, the current chairman, was the group’s secretary at the time.

At the beginning of the process, a requirement for the Building Code to be compiled is a requirement of the quake strength value. Therefore, he always invited the professor, Professor of Geology, Dr. U Thein, for advice. He was also joined by Professor in the Department of Geology at Yangon Technological University.

Ministry of Transportation; The Department of Meteorology and Hydrology (DMH) was the government department in close cooperation with the Earthquake Committee. The chief executives of the monsoon are Dr U San Hla Thaw, Dr. U Tun Lwin, Dr U Thein Tun has been very interested in seismic research.

The World Seismic Initiative (WSSI) was an important body for the earthquake committee. In 1997, WSSI chairman and team arrived in earthquake area for technical education; Seismic engineering skills; The high-level meeting was held at the Ministry headquarters in Rangoon.

Earthquake zone map created by Dr U Thein 2001 is a very useful map for Myanmar earthquake engineers. This photo is a modified version of a drawing from 1985. However, the Building Code requirement is a Probabilistic Seismic Hazard Assessment (PSHA) map. Possible sources of earthquakes; Earthquake probabilities of these sources; The value of a given strength is calculated by calculating the magnitude of the impact on the life span of a specified building.

U Than Myint (Secretary General of the Myanmar Engineering Association) was appointed in 2003 by Professor U Nyi Hla Nge, Deputy Minister for Science and Technology. The Secretary is Dr. Khin Than Yu (now Retired Pro-Rector, Yangon Technological University). U Than Myint chairs the chairmanship and Daw Yi Yi Nyein from Department of Meteorology and Hydrology, DMH, U Tint Lwin Swe from the Department of Engineering Geology, YTU, Practicing Engineer U Saw Htwe Zaw and U Soe Thura Tun from the Department of Geology at the University of Yangon were held office positions.

  1. The Myanmar Earthquake Committee is an academic organization that came under the shadow of the Myanmar Engineers Association, but can be said to be quite a travel force. In 1999, he was formed as a leader of the Yangon Technological University (Yangon Institute of Technology) and headed the Myanmar Engineers Association. U Than Myint, the current chairman, was the group’s secretary at the time.

    At the beginning of the process, a requirement for the Building Code to be compiled is a requirement of the quake strength value. Therefore, he always invited the professor, Professor of Geology, Dr. U Thein, for advice. He was also joined by Professor in the Department of Geology at Yangon Technological University.

    Ministry of Transportation; The Department of Meteorology and Hydrology (DMH) was the government department in close cooperation with the Earthquake Committee. The chief executives of the monsoon are Dr U San Hla Thaw, Dr. U Tun Lwin, Dr U Thein Tun has been very interested in seismic research.

    The World Seismic Initiative (WSSI) was an important body for the earthquake committee. In 1997, WSSI chairman and team arrived in earthquake area for technical education; Seismic engineering skills; The high-level meeting was held at the Ministry headquarters in Rangoon.

    Earthquake zone map created by Dr U Thein 2001 is a very useful map for Myanmar earthquake engineers. This photo is a modified version of a drawing from 1985. However, the Building Code requirement is a Probabilistic Seismic Hazard Assessment (PSHA) map. Possible sources of earthquakes; Earthquake probabilities of these sources; The value of a given strength is calculated by calculating the magnitude of the impact on the life span of a specified building.

    U Than Myint (Secretary General of the Myanmar Engineering Association) was appointed in 2003 by Professor U Nyi Hla Nge, Deputy Minister for Science and Technology. The Secretary is Dr. Khin Than Yu (now Retired Pro-Rector, Yangon Technological University). U Than Myint chairs the chairmanship and Daw Yi Nyi Nyi from DMH, U Tint Lwin Swe from the Department of Geology, YTU, Practicing Engineer U Saw Htwe Zaw and U Soe Thura Tun from the Department of Geology at the University of Yangon were held office positions.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: